အချစ်ဆိုတာ ဆက်ဆံဖို့တစ်ခုတည်းပေါ်မှာ အခြေမခံပါ...(အချစ်နဲ့ ဖိုမဆက်ဆံခြင်း)
အချစ်ဆိုတာ လေးစားမှု ၊ ယုံကြည်စိတ်ချရမှု ၊ ရိုးသားမှုပေါ်မှာအခြေခံပြီး အတူလိင်ဆက်ဆံရန် ဆိုတဲ့အချက်ပေါ်မှာ အခြေမခံပါဘူး။အချစ်ကို လေ့လာဖူးသူတစ်ချို့ကပြောတယ်…
Love(အချစ်) ဆိုတာ နူးညံတဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပြီး Sex(ဖိုမဆက်ဆံခြင်း) ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုဖြစ်ပါတယ်။
Sex(ဖိုမဆက်ဆံခြင်း) ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကို ခဏတာနှစ်သိမ့်မှုပဲ ပေးနိုင်တာဖြစ်ပြီး Love (အချစ်) ဆိုတာကတော့ လူတစ်ယောက်ကို စိတ်ကျေနပ်လောက်တဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ပေးနိုင်တယ်လို့ဆိုပါတယ်။
Love (အချစ်)ရဲ့နောက်မှာ Sex(ဖိုမဆက်ဆံခြင်း) ဆိုတာကပ်ပါလာကြတာ ဓမ္မတာပါပဲ..။
ဒါပေမယ့် ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရှင်တစ်ချို့ကို စစ်တမ်းကောက်ယူလိုက်တဲ့အခါ Sex(ဖိုမဆက်ဆံခြင်း) ဆိုတာ ကြီးကို အဓိကထားကြတာမဟုတ်ခဲ့ဘဲ နွေးထွေးတဲ့အချစ်တွေနဲ့သာ မိသားစုဘ၀ကိုပျော်ရွှင်သာယာစေခဲ့ကြတာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်..။
ဒါမို့ Sex(ဖိုမဆက်ဆံခြင်း) ဆိုတဲ့အရာပေါ်မှာပဲ အာရုံမထားပဲ နွေးထွေးတဲ့အချစ်တွေနဲ့ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေး(သို့)အချစ်ရေးများကို ဖန်တီးနိုင်သူများ ဖြစ်နိုင်ကြပါစေ...။
Credit: Momolay

No comments:
Post a Comment