မိခင်ဈေးရောင်းသွားနေစဉ် ဖခင်၏ပေါ့ဆမှုကြောင့် အမွှာညီအကို ကလေး၂ဦး ရေနစ်သေဆုံး
မိခင်ဖြစ်သူက ငါးရောင်းရန် နေအိမ်မှထွက်သွားစဉ် ဖခင်နဲ့အတူ ထားခဲ့သော အမွှာညီအစ်ကို ကလေး ၂ဦး မှာ အိမ်ရှေ့ သောက်ရေကန်ထဲ၌ ရေနစ်သေဆုံးနေသည့် အမှုဖြစ်စဉ်တခု
ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။
သြဂုတ်လ၂၄ ရက် မနက်၈နာရီခန့်က ငါးရောင်းရာ မှပြန်လာသူ မခင်မိုး ၄၀ နှစ် အလှပ်ကျေးရွာ နေသူသည် မိမိ၏သား၂ယောက်ကို ရှာမတွေ့ရသဖြင့် အိမ်ပေါ်တွင် အိပ်ပျော်နေသည့်
ခင်ပွန်း ဦးကွန်သား အားနှိုး၍ရှာဖွေကြစဉ်၊ အလှပ်ရွာ သာမညကွင်းအမှတ် ၈၄၀ လယ်ကွင်းရှိမိမိနေအိမ်ရှေ့မှ ပေ၄၀×ပေ၄၀ အနက်၃ပေ ခန့်ရှိ သောက်ရေကန်ထဲတွင် ၂နှစ်နှင့်၂လသားအရွယ် အမွှာညီအစ်ကို ကလေး၂ဦးအား သေဆုံးလျှက်တွေ့ရသည်ဟု သိရသည်။
အဆိုပါ ကလေးရေနစ်သေဆုံးရခြင်းနဲ့ ပတ်သက်၍ ရဲထံဆက်သွယ်မေးမြန်းခဲ့စဉ် " အုပ်ချုပ်ရေးမှုးဖုန်းဆက်သတင်းပို့လို့ ကျနော်တို့ရောက်သွားတော့ ကလေးအလောင်းတွေက အိမ်ပေါ်ရောက်နေပြီဗျ ကလေးအဖေက ဒီနေ့မှပဲအိပ်ပျော်သွားတယ်လို့ ပြောတယ် ရေကန်မှာ ရေခတ်တဲ့အခါတံတားထိုးထားတယ် ကလေးတွေက အဲ့တံတားကနေဆော့ ကစားရင်းရေထဲကျပြီးဆုံး
သွားတဲ့အနေအထားပါ"ဟု အလှပ်နယ်မြေရဲစခန်းမှုးရဲအုပ်တင့်လွင်က ပြန်လည်ဖြေဆိုသည်။
သေဆုံးသူကလေး၂ဦးအမည်မှာ အာကာထွန်းနှင့် အာကာထက်တို့ဖြစ်ပြီး အသက် ၂နှစ် ၂လ (ဘ) ဦးကွန်သားဖြစ်သည် ကလေး၂ဦးသေဆုံးမှုနှင့် ပတ်သက်၍ ပေါင်ရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ် ၄၂/၂၀၁၇ ဖြင့် သြဂုတ်၂၄ ရက်ညနေ ၄ နာရီအချိန် အမှုဖွင့်ကာ ရဲအုပ်တင့်လွင် ကစစ်ဆေးနေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
Crd: Paung Daily

No comments:
Post a Comment